Verse 36 — Surah Yusuf 12:36

(တမန်တော်) ယူစုဖ်နှင့်အတူ လူငယ် (အကျဉ်းသား) နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်လာခဲ့ကြရာ သူတို့နှစ်ဦးအနက်မှ တစ်ဦးက (တမန်တော်ယူစုဖ်အား) “ဧကန်ပင်၊ ကျွန်ုပ်သည် ဝိုင်ထုတ်ရန် (စပျစ်သီးများကို) အရည်ညှစ်နေကြောင်း အိမ်မက်မက်ခဲ့၏။” ဟု ပြောပြီး အခြားတစ်ဦးကလည်း “ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ခေါင်းပေါ်တွင် ပေါင်မုန့်များ (တည့်ထားသောဗန်း) ကို တင်၍ သယ်ဆောင်နေစဉ် ငှက်များသည် ယင်း (ဗန်းပေါ်) မှ စားနေကြကြောင်း အိပ်မက်မက်ခဲ့၏။ ဟု (အသီးသီး) ပြောပြခဲ့ကြပြီးနောက် (တမန်တော်ယူစုဖ်အား) “မုချဧကန်၊ အသင့်ကို မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) များအနက်မှ တစ်ဦးဖြစ်နေသည်ကို တွေ့မြင်ရသောကြောင့် ကျွန်ုပ်တို့အား (အိပ်မက်၌ မြင်တွေ့ခဲ့သော) ယင်း (အကြောင်းအရာ တစ်ခုချင်းစီ) ၏အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်စပ်လျဉ်း၍ သတင်းပေး သိစေပါလော့။” ဟု တောင်းဆိုကြလေ၏။