Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 37 — Surah Yusuf 12:37
(တမန်တော်) ယူစုဖ်သည် (ထိုလူငယ်အကျဉ်းသားနှစ်ဦးအား) သင်တို့ကို ထောက်ပံ့ကျွေးမွေးစေမည့်စားစရာများ သင်တို့နှစ်ဦးထံ ရောက်မလာမီပင် ယင်း (စားစရာ အမျိုးအစား တစ်ခုချင်းစီ) ၏အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ကျွန်ုပ်က သင်တို့အား အသိပေးပြောကြားခဲ့သည့်အတိုင်းရောက်လာခြင်းမှအပ (အခြားမည်သည့်စားစရာအမျိုးအစားမျှ) သင်တို့နှစ်ဦးထံ ရောက်လာမည် မဟုတ်ကြောင်း (ကို ဦးစွာပထမ) ပြောခဲ့၏။ (ထို့နောက် သူက ဆက်လက်၍) ကျွန်ုပ်သည် သင်တို့နှစ်ဦးအား ထိုသို့ပြောပြနိုင်သော အသိပညာသည် ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကျွန်ုပ်ကို သင်ပေးတော်မူ၍သာ ဖြစ်၏။ ဧကန်ပင်၊ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်နှင့်နောင်တမလွန်ဘဝကို မယုံကြည် ဖီဆန်ငြင်းပယ်ကြသော လူမျိုး၏ဘာသာတရား လမ်းစဉ် ကို (ယခင်ကတည်းကပင်) ပစ်ပယ်ထားခဲ့၏။