Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 38 — Surah Yusuf 12:38
ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်၏ဘိုးဘေးများဖြစ်သော (တမန်တော်) အီဗ်ရာဟီမ်၊ အစ္စဟာက်နှင့်ခမည်းတော် တမန်တော်ယအ်ကူဗ်တို့၏ဘာသာတရားလမ်းစဉ်ကိုသာလျှင် နာခံလိုက်နာ၏။ ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်နိုင်သော (ကိုးကွယ်စရာဟူ၍) အခြားမည်သည့်အရာမျှ အလျှင်း မရှိပေ။ ထိုသို့ (တစ်ဆူတည်းသော အရှင်မြတ်အား ယုံကြည်ကိုးကွယ်ခြင်းသည်) ကျွန်ုပ်တို့အပေါ်၌ လည်းကောင်း၊ လူခပ်သိမ်း တို့အပေါ်၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (အရှင်မြတ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ရန် အရှင်မြတ်ကိုယ်တိုင် သွန်သင်သင်ကြားပေးတော်မူသော) အရှင့်ကျေးဇူးတော်တစ်ရပ်ပင် ဖြစ်သော်လည်း လူသားအနက် အများစုမှာမူ (တစ်ပါးတည်းသော အရှင်မြတ်အား မြဲမြံစွာ ယုံကြည်ကိုးကွယ် ကြခြင်းမရှိသောကြောင့်) ထိုကျေးဇူးတော်ကို သတိမမူ လျစ်လျူရှူထားခြင်းဖြင့် ကျေးဇူးမသိတတ်ကြပေ။