Verse 39 — Surah Yusuf 12:39

(ထို့နောက် တမန်တော်ယူစုဖ်က ထိုအကျဉ်းသား လူငယ်နှစ်ဉီးအား) အို၊ ကျွန်ုပ်၏အကျဉ်းထောင်ဖက် မိတ်ဆွေတို့၊ (မရေရာ မသေချာသော အယူအဆအမျိုးမျိုးပေါ်တွင် အခြေခံ၍) ထွေပြားစွာ ကွဲပြားခြား နားသော ကိုးကွယ်ရာ အရှင်သခင်များသည် အကောင်းဆုံးဖြစ်မည်လော့။ သို့တည်းမဟုတ် (တိကျပြတ်သားသော အမှန်တရားသစ္စာပေါ် အခြေခံ၍ လမ်းညွှန်တော်မူရုံသာမက) အရာခပ်သိမ်းတို့ကိုလည်း နိုင် နင်းလွှမ်းမိုးတော်မူသော တစ်ဆူတည်း တည်ရှိမြဲတည်ရှိတော်မူသော အလ္လာဟ်အရှင်မြတ်သည် (သင်တို့အတွက် ကိုးကွယ်ရာအထိုက်ဆုံး) အကောင်းမြတ်ဆုံး ဖြစ်မည်လော့။” ဟူသည်ကို သင်တို့ကိုယ်တိုင် ဆင်ခြင်တုံတရားဖြင့် တွေးတောသုံးသပ်ကြလော့။