Verse 41 — Surah Yusuf 12:41

အို၊ ကျွန်ုပ်၏အကျဉ်းထောင်ဖက် မိတ်ဆွေတို့၊ (အိပ်မက်များ၏အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များကို အရှင် မြတ်၏ထံတော်မှ ဖြစ်သော အမှန်တရားပေါ် အခြေခံ၍ ရှင်းပြရလျှင်) သင်တို့နှစ်ဦးအနက် တစ်ဦးသည် (မကြာမီ လွတ်မြောက်မည်ဖြစ်ရာ ယခင်အလုပ်ရှင်ဟောင်းထံ၌ပင် အလုပ်ပြန်ဝင်၍) သူ့သခင် (ဘုရင်) ကို (စပျစ်ရည် ညှစ်၍) ဝိုင်တိုက်ကျွေးလိမ့်မည်။ တခြားတစ်ဦးမှာမူကား ကားစင်တင်၍ အဆုံး စီရင်မည် ဖြစ်သောကြောင့် ငှက်များသည် (ယင်းတို့၏နုတ်သီးများဖြင့်) ဆိတ်ပေါက်၍ သူ့ခေါင်းမှ စားကြလိမ့်မည်။ အိပ်မက်ထဲ၌ မြင်တွေ့ခဲ့ သည့် ဖြစ်ရပ်၏အနက်ဖွင့်ဆိုချက်နှင့်စပ်လျဉ်း၍) စူးစမ်းမေးမြန်းလိုသော စီမံချက်အမိန့်တော်မှာ (ထိုသို့ပင် စီရင် ဆုံးဖြတ်ခဲ့ပြီ ဖြစ်၏။)