Verse 42 — Surah Yusuf 12:42

(တမန်တော် ယူစုဖ်သည်) သူတို့အနက်မှ အမှန်ပင် လွတ်မြောက်မည့်သူဖြစ်သည်ဟု ထင်ရသော သူအား “သင်၏သခင် (ဘုရင်) ထံတွင် ကျွန်ုပ်၏အကြောင်းကို သတိရ ဖွင့်ဟ၍ ထုတ်ဖော်လော့။” ဟု ပြောခဲ့သောကြောင့် စေတန်မကောင်းဆိုးဝါးသည် သူ့သခင်ထံ သတိရ ထုတ်ဖော်ခြင်းကို မေ့လျော့စေခဲ့ရာ (တမန်တော်ယူစုဖ်မှာ) အကျဉ်းထောင်ထဲတွင် နှစ်အတန်ကြာမြင့်စွာ ဆက်လက်နေခဲ့ရ၏။