Verse 43 — Surah Yusuf 12:43

ထို့နောက် ဘုရင်က “ဧကန်ပင်၊ ကျွန်ုပ်သည် ဝဖြိုးသော နွားမခုနစ်ကောင်ကို ပိန်ရှူံ့နေသော နွားမ ခုနစ်ကောင်က (အငမ်းမရ) ဝါးမျိုနေကြောင်းကိုလည်းကောင်း၊ စိမ်းစိုသော ဂျုံနှံ ခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက် ရှိသော (ဂျုံနှံ) ခုနှစ်နှံအား ဝါးမျိုနေကြောင်းကိုလည်းကောင်း၊ အိပ်မက်မက်ခဲ့၏။ (သို့ဖြစ်ပေရာ အရေးပေါ် စည်း ဝေးစေ၍) “အို၊ မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့၊ အကယ်၍ သင်တို့သည် အိပ် မက်များကို အနက် အဓိပ္ပါယ်ဖွင့်ဆိုရန် (တတ်စွမ်းနိုင်ကြလျှင် ကျွန်ုပ်၏အိပ်မက် (၌ မြင်တွေ့ခဲ့သည့် အကြောင်းအရာများ) နှင့်စပ်လျဉ်း၍ သိနားလည်နိုင်ရန် ရှင်းလင်းတင်ပြလော့။” ဟု အမိန့်ညွှန်ကြားခဲ့၏၊