Verse 45 — Surah Yusuf 12:45

(ထိုစဉ် အကျဉ်းထောင်ထဲတွင် တမန်တော်ယူစုဖ်နှင့်အတူနေခဲ့ကြသည့်) အကျဉ်းသားနှစ်ဦးအနက်မှ တရားသေလွတ်မြောက်သွားသူသည် အချိန်အတန်ကြာပြီးနောက် (ယခုအခါ) တမန်တော်ယူစုဖ်အကြောင်း သတိရလျှက် ဘုရင်အား) “ကျွန်ုပ်သည် အသင်တို့အား (ဘုရင်၏အိပ်မက်များကို) အနက်ဖွင့်ဆိုခြင်းနှင့်စပ်လျဉ်း ၍ သတင်းအကြောင်းကြားနိုင်ရန်အလို့ငှာ (အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်သူထံသို့) ကျွန်ုပ်ကို စေ လွှတ်ပါလော့။” ဟု တိုက်တွန်းပြောဆိုခဲ့၏။