Verse 46 — Surah Yusuf 12:46

(အဆိုပါ လွတ်မြောက်လာသူသည် တမန်တော်ယူစုဖ်ရှိရာ အကျဉ်းထောင်ရောက်လေသော်) “အို၊ ယူစုဖ်၊ အို၊ ဖြောင့်မတ်မှန်ကန်သောစကားကို ပြောသောသစ္စာဝါဒီ၊ အသင်သည် ကျွန်ုပ်တို့အား “ဝဖြိုးသော နွားမခုနစ်ကောင်ကို ပိန်ရှူံ့နေသော နွားမ ခုနစ်ကောင်က (အငမ်းမရ) ဝါးမျိုနေကြောင်းနှင့်စိမ်းစိုသော ဂျုံနှံခုနစ်နှံက အခြား သွေ့ခြောက်လျက်ရှိသော (ဂျုံနှံ) ခုနှစ်နှံအား ဝါးမျိုကြောင်းတို့နှင့်စပ်လျဉ်း၍ (သိမြင်နားလည်နိုင်ရန်) ရှင်းလင်းတင်ပြလော့။ သို့မှသာလျှင် ကျွန်ုပ်သည် လူသားတို့ထံ ပြန်နိုင်၍ (သူတို့အား ထိုအနက်ဖွင့်ဆိုချက်များ၏အကြောင်းကို သတင်းပေး သိစေခြင်းဖြင့်) သူတို့လည်း (အနက် ဖွင့်ဆိုချက်နှင့်အတူ အသင်၏အရည်အချင်းနှင့်မတရားသဖြင့် အကျဉ်းချခံရသည့်အကြောင်းကိုပါ) သိနားလည်နိုင်ကြမည်ဖြစ်၏၊” ဟု ပြောဆိုခဲ့၏။