Verse 47 — Surah Yusuf 12:47

(တမန်တော်) ယူစုဖ်က “အသင်တို့သည် ခုနစ်နှစ်ဆက်တိုက် သီးနှံများကို (ပုံမှန်) စိုက်ပျိုးနေကျအတိုင်း စိုက်ပျိုးကြရမည် ဖြစ်သော်လည်း ရိတ်သိမ်းသောအခါတွင်မူ စားသုံး (ရန်လျာထား) သော သီးနှံအနည်း ငယ်မှအပ ကျန်သီးနှံများကို (ယင်းတို့၏အခိုင်အနှံများမှ ရိုက်ထုတ် ယမ်းခါခြင်းမပြုဘဲ) ကောက်လှိုင်း၊ ကောက်နှံများအတိုင်းပင် (သိုလှောင်ရန်) ချန်ထားရမည်။” ဟု အကြံပေးခဲ့၏။