Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 50 — Surah Yusuf 12:50
(ဘုရင်ထံ အဆိုပါ အိပ်မက်၏အနက်ဖွင့်ဆိုချက်များနှင့်ပတ်သက်၍ အကြောင်းကြားသောအခါ) ဘုရင်က (အိပ်မက်၏အနက်အဓိပ္ပါယ်ဖွင့်ဆိုသော) သူအား ကျွန်ုပ်ထံသို့ခေါ်ဆောင်လော့။” ဟု အမိန့်ပေးခဲ့ရာ စေစားခံရသူ (ဘုရင့်တမန်)သည် (တမန်တော်) ယူစုဖ်ထံရောက်ခဲ့သော် သူက “သင်၏သခင် (ဘုရင်) ထံသို့ ပြန်သွားလော့။ ထို့နောက် သူမတို့၏လက်များကို သူမတို့ကိုယ်တိုင် ဖြတ်မိခဲ့ကြသော အမျိုးသမီးများ၏အရေးကိစ္စနှင့်ပတ် သက်၍ ဘုရင်အား မေးမြန်းစုံစမ်းလော့။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူမတို့၏ကြံစည်မှုများနှင့်စပ်လျဉ်း၍ (အသေးစိတ်အချက်အလက်များကို အကြွင်းမဲ့) သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု တိုက်တွန်းပြောဆိုခဲ့၏။