Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 51 — Surah Yusuf 12:51
ဘုရင်က (ထိုအမျိုးသမီးများကို ဘုရင့်ရှေ့မှောက်သို့ စုရုံးဆင့်ခေါ်စေလျက်) အသင်မတို့သည် တမန်တော် ယူစုဖ်အား သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်း ရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်ကာ မြှူဆွယ်ဖြား ယောင်းခဲ့ကြစဉ် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို အသင်မတို့ကိုယ်တိုင် (အမှန်အတိုင်း) ပြောဆိုကြလော့။” ဟု မိန့်သော် သူမတို့က “အလ္လာဟ် အရှင်မြတ်သည် (ပြစ်မှုကျူးလွန်ခြင်းမှ တားမြစ်တော်မူ၍) ကျွန်မတို့ကို ကယ်တော်မူပါစေ။ (အမှန်မှာ) ကျွန်မတို့သည် သူ့ဘက်မှ မည်သည့်မကောင်းမှုတစ်စုံတစ်ရာကိုမျှ (မတွေ့ခဲ) မသိရှိခဲ့ကြပါ။” ဟု ဝန်ခံထွက်ဆို ကြပြီး အဇီဇ်၏အမျိုးသမီးကလည်း “ယခုသော်ကား အမှန် တရားသည် ပေါ်လွင်ထင်ရှားသွားလေပြီ။ ကျွန်မသည်သာလျှင် သူ့နဖ်စ်နှင့်ဆန့်ကျင်၍ (ကျွန်မ၏အလိုရမ္မက်ဖြင့် ကျွန်မဘက်သို့ တိမ်းညွတ်လာအောင်) မြှူဆွယ်ဖြားယောင်းခဲ့သော်လည်း ဧကန်ပင်၊ သူသည် (သူ့နဖ်စ်ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချ၍) ဖြောင့်မတ်မှန်ကန်သောသစ္စာဝါဒီများ အနက်မှ မုချပင် (အပါအဝင်) ဖြစ်လေ၏။” ဟု (သူမ၏အမှားကို) ဝန်ခံပြောဆိုခဲ့၏။