Verse 53 — Surah Yusuf 12:53

စင်စစ်သော်ကား ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အမှားအယွင်း ကင်းရှင်းကြောင်း မပြောဆိုနိုင် (ရုံသာမကာ အမှားအယွင်း လုံးဝ ကင်းသကဲ့သို့လည်း ယတိ ပြတ် မတင်ပြနိုင်) ပေ။ (အကြောင်းမှာ) ဧကန်ပင်၊ (နဖ်စ်ကို စိတ်အလိုရမ္မက်ထက် အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချခြင်းကြောင့်) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကရုဏာထားတော်မူသောအရာ (နဖ်စ်) မှအပ (အခြားနဖ်စ်ဟူသမျှသည်) မကောင်းမှုအကုသိုလ်နှင့်စပ်လျဉ်း၍ ဧကန်မုချ၊ အမိန့်ပေးတိုက်တွန်းနှိုးဆော်လေ့ရှိ၏။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။