Verse 54 — Surah Yusuf 12:54

ထိုအခါ ဘုရင်က ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အတွက် (သူ့ညွှန်ကြားချက် လိုအပ်နေ၍) သူ့ကို ကျွန်ုပ်၏အထူး (ကိုယ်ရေး အတိုင်အပင်ခံ) ပုဂ္ဂိုလ်အဖြစ် ရွေးချယ် ခန့် အပ်မည်ဖြစ်သောကြောင့် သူ့အား ကျွန်ုပ်ထံ ခေါ်ဆောင်လော့။” ဟု အမိန့်ပေးခဲ့ပြီး (တမန်တော်ယူစုဖ် ဘုရင့်ထံ ရောက်လာ၍) ဘုရင်က သူနှင့်စကားပြောဆိုစဉ် “ဧကန်ပင်၊ ယနေ့မှစ၍ အသင့်ကို ကျွန်ုပ်အ တွက် ကျွန်ုပ်တို့နှင့်အတူ (မြင့်မြတ်သောဂုဏ်ရာထူးဖြင့်) အခိုင်အမာရပ်တည်သူ၊ လေးစားအားကိုးရပြီး ယုံကြည်စိတ်ချရသူ (အဖြစ် အသိအမှတ်ပြုခန့်အပ်ပြီ) ဖြစ်၏။” ဟု ချီးမွမ်းပြောဆိုခဲ့၏။