Verse 55 — Surah Yusuf 12:55

(ထိုစဉ် တမန်တော်) ယူစုဖ်က “ကျွန်ုပ်အား တိုင်းပြည်၏ (သယံဇာတများ၊ ကောက်ပဲသီးနှံများနှင့်မြစ် ချောင်းလယ်ယာမြေများ စသည်တို့ကို ထိန်းသိမ်းစောက်ရှောက်နိုင်ရန်) ဘဏ္ဍာထိန်းအဖြစ် ခန့်အပ် ဖြစ်စေလော။ ဧကန်ပင်၊ ကျွန်ုပ်သည် (ယင်းတို့ကို ကျွမ်းကျင်စွာ) ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ (ထိန်းသိမ်းရေးဆိုင်ရာ နည်းစနစ်များကိုလည်း နှံ့နှံ့စပ်စပ် သိနားလည်ထားသော) အသိပညာရှင်ပင် ဖြစ်၏။” ဟု တောင်းဆိုပြောကြားခဲ့လေ၏။