Verse 56 — Surah Yusuf 12:56

ထိုကဲ့သို့ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) ယူစုဖ်အား ထိုတိုင်းပြည် (အီဂျစ်) တွင် အခြေချစေတော်မူ လျက် ယင်း (တိုင်းပြည်) ၌ပင် (ပြည်သူတို့၏ထောက်ခံမှုကို အပြည့်အဝရရှိစေ၍) သူ့ဆန္ဒရှိ သော နေ ရာတိုင်းသို့ သွားလာလှုပ်ရှားပြီးစီမံဆောင်ရွက်နိုင်ရန် (အခွင့်အာဏာများ ချီးမြှင့်တော်မူခြင်းဖြင့်) အခြေခိုင်ထူထောင်စေ တော်မူခဲ့၏။ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ငါအရှင့်ထံတော်ဖြစ်သောမှ ကရုဏာတော်ဖြင့် (အရှင့်ကျေးဇူးတော်များဖြစ်သော ဂုဏ်ပကာသန၊ ရိက္ခာအထောက်အပံ့နှင့်) အခွင့်အာဏာကို ချီးမြှင့်ဆိုက်ရောက်စေတော်မူ၏။ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ် အောင် ပြမူကျင့်ကြံသူ) တို့၏အကျိုးဆုလဒ်များကို အချည်းနှီး ဖြစ်စေတော် မမူချေ။