Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 59 — Surah Yusuf 12:59
(တမန်တော်) ယူစုဖ်သည် သူတို့အတွက် စီစဉ်ထားသော စားနပ်ရိက္ခာ အထောက်အပံ့များဖြင့် သူတို့အား ပေးအပ်ခဲ့ပြီးချိန်တွင် “(နောက်တစ်ကြိမ်လာသည့်အခါ) သင်တို့အတွက် (ရိက္ခာအထောက်အပံ့များ ပိုမို ရစေရန်အလို့ငှာ) သင်တို့၏ဖခမည်းတော်ထံမှ (ခွင့်ပြုချက်ရယူခြင်းဖြင့်) သင်တို့၏ညီငယ်ကိုလည်း (သင်တို့နှင့်) အတူ ခေါ်ဆောင်လာကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် (ကုန်စည်စားနပ်ရိက္ခာများအား) ချိန် တွယ်ဖြန့်ဖြူးပေးရာတွင် (ပမာဏ) အပြည့်အဝပေးသည်ကို အသင်တို့ တွေ့မြင်ကြသည် မဟုတ်လော့။ ထို့ပြင် ကျွန်ုပ်သည် အကောင်းဆုံး ဧည့်ခံသောအိမ်ရှင် တစ်ဦးလည်း ဖြစ်၏။ “ဟု တိုက်တွန်းပြောဆိုခဲ့၏။