Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 6 — Surah Yusuf 12:6
ထိုကဲ့သို့ပင် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (တမန်တော်) ယာကူဗ်အပေါ်တွင် ယခင်က သင်၏ဘိုးဘေးများဖြစ်သော (တမန်တော်) အီဗ်ရာဟိမ်းနှင့် အိစ္စဟာ့က်တို့အပေါ်တွင် (အရှင့်ကျေးဇူးတော်၊ ဂုဏ်သိက္ခာ၊ အခွင့်အရေးများနှင့်တမန်တော်ရာထူးများကို ပေးအပ်ချီးမြှင့်တော်မူ၍) ပြည့်စုံစေတော်မူသကဲ့သို့ သင်ကိုလည်း (အိပ်မက်အပါအဝင် အဖြစ်အပျက်များနှင့် အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်) ပြောဆိုတင်ပြချက်များ၏ အနက်အဓိပ္ပါယ်ဖွင့် ဆိုမှုပညာကို သင်ပေးတော်မူပြီး အသင့်အပေါ်တွင် အခွင့်အရေးများပေးခြင်းဖြင့် ပြည့်စုံစေတော်မူရန် ရွေးချယ်တော်မူ၏။ ဧကန်ပင်၊ အသင်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသည့်အပြင် အဖြစ်အပျက် အကြောင်းအရာအလုံးစုံ၏ အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အဖြစ်အပျက်အားလုံးနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။)