Verse 62 — Surah Yusuf 12:62

(တမန်တော်) ယူစုဖ်က သူ၏ဝန်ထမ်းများအား “သူတို့သည် (ကျွန်ုပ်တို့ထံ ရိက္ခာအထောက်အပံ့အစား) ဖလှယ်ကုန်အဖြစ် ပေးခဲ့သော သူတို့၏ (ရွှေ၊ ငွေ) အဖိုးအခများကို သူတို့က မိသားစုထံ ပြန်သွားသည့်အခါ (ယင်းတို့ကို) ပြန်တွေ့၍ အမှတ်ရကြရန်နှင့် (ယင်းတို့ကို အကြောင်းပြု၍ အီဂျစ်သို့) နောက်တစ်ကြိမ် ပြန်လာ ကြရန်အလို့ငှာ သူတို့၏ (မြင်းကျောပေါ်ခွတင်ရသော) အိတ်များတွင် ထည့်ထားကြလော့။” ဟု တိုက်တွန်းပြောဆိုလေ၏။