Verse 64 — Surah Yusuf 12:64

ဖခမည်းတော် (ဖြစ်သော တမန်တော် ယအ်ကူဗ်) က “ယခင်က သူ့အစ်ကိုနှင့်ပတ်သက်၍ သင်တို့အပေါ် ယုံကြည်စိတ်ချစွာ အပ်နှံသကဲ့သို့ (ယခုလည်း) သူ့အား ထိုအတိုင်းသာ ဖြစ်စေရန် သင်တို့အပေါ်ဝယ် ယုံကြည် စိတ်ချစွာ အပ်နှံရမည်လော။ သို့ရာတွင်၊ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးနှင့်စိတ်အချရဆုံး ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည်ပင် သ နားညှာတာ တတ်သူအားလုံးထက် အကြင်နာတရားအရှိဆုံး အကြင်နာရှင်၊ ကရုဏာရှင် ဖြစ်တော်မူ၏။