Verse 65 — Surah Yusuf 12:65

သူတို့သည် (သူတို့၏ခံစားခွင့်များဖြစ်သော) ပစ္စည်းထုပ်များကို ဖွင့်ကြသောအခါ ကုန်ဖလှယ်ရာတွင် သူတို့ဘက်မှ ပေးခဲ့သော အဖိုးအခများ (ကို အိတ်ထဲ၌ထည့်လျက်) ပြန်ပေးထားသည်ကို တွေ့ရှိကြသဖြင့် (ဖခမည်းတော်အား) “အို၊ ကျွန်ုပ်တို့၏ခမည်းတော်၊ (ကျွန်ုပ်တို့မှာ အခြား) မည်သည့်အရာအတွက် တောင့်တမှု အာသီသ ရှိမည်နည်း။ ဤ (အရာ) သည် ကျွန်ုပ်တို့ထံ ပြန်ပေးလိုက်သော ကျွန်ုပ်တို့၏ကုန်စည်ဖလှည်မှုဆိုင်ရာ အဖိုးအခပင် ဖြစ်၏။ (ညီငယ်ကို ကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပြုလျှင်) ကျွန်ုပ်တို့သည် ညီငယ်ကို ထိန်းသိမ်းစောင့် ရှောက်ကြမည်ဖြစ်ပြီး ကျွန်ုပ်တို့၏မိသားစုအတွက် ပမာဏအားဖြင့် ကုလာအုတ်တစ်ကောင် သယ်ဆောင်ရမည့် ရိက္ခာအထောက်အပံ့များကိုလည်း ပိုမို၍ပင် ရရှိလိမ့်မည်ဖြစ်ရာ (ကျွန်ုပ်တို့) စားနပ်ရိက္ခာ ပိုလျှံစွာ ရကြမည်။ ထိုသို့ရခြင်းဖြင့် ရိက္ခာအထောက်အပံ့အတွက် (ပူစရာမလိုဘဲ အဆင်ပြေ) လွယ်ကူသွားလိမ့်မည်။” ဟု လျှောက် ထားကြပြန်လေ၏။