Verse 66 — Surah Yusuf 12:66

ဖခမည်းတော် (ဖြစ်သော တမန်တော်ယအ်ကူဗ်) က “သင်တို့အား (ဘေးအန္တရာယ်များဖြင့်) ဝိုင်းထားခံရ ခြင်းမှအပ သူ့ကို ကျွန်ုပ်ထံ လုံခြုံစွာဖြင့် မုချပင် ပြန်လည်ခေါ်ဆောင်လာမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ခိုင်မာသော ကတိခံဝန်ချက်တစ်ခု မပေးသေးသမျှ ကာလပတ်လုံး သူ့ကို သင်တို့နှင့်အတူ အလျှင်း စေလွှတ်မည် မဟုတ်ပေ။” ဟု ပြောခဲ့၏။ သူတို့သည် (တမန်တော် ယအ်ကူဗ်က တောင်းဆိုသည့်အတိုင်း) ခမည်းတော်အား ကတိခံဝန်ချက်ပေးခဲ့ရာ သူက “အလ္လာဟ်အရှင်မြတ်သည် သင်တို့ ကတိပြုပြောဆိုခဲ့ သမျှထက် (ပိုမို၍ပင် သူ့ကို) ယုံပုံအပ်နှံရန် အကောင်းဆုံးသော ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့၏။