Verse 67 — Surah Yusuf 12:67

ထို့နောက် သူက (ဆက်လက်၍) “အို၊ ချစ်သားတို့၊ အသင်တို့သည် (အီဂျစ်ပြည်သို့ ဝင်သည့်အခါ) တစ်ခုတည်းသော (မြို့) တံခါးပေါက်မှ (အားလုံး တစ်ပြိုင်တည်း) မဝင်ကြလေနှင့်။ ကွဲပြားခြားနားသော အုပ်စုများဖွဲ့ လျက် တံခါးပေါက်များမှ (အုပ်စုအသီးသီးက တံခါးပေါက်တစ်ခုစီမှသာ) ဝင်ကြလော့။ (အဆိုပါ အကြံပေးမှု ကြောင့်) ကျွန်ုပ်သည် သင်တို့အတွက် အလ္လာဟ်အရှင်မြတ် (၏ စည်းမျဉ်းတော်) နှင့်ဆန့် ကျင်၍ မည်သည့်အရာကိုမျှ အကျိုးပြု ဖြည့်ဆည်းစေနိုင်မည် မဟုတ်ပေ။ (အရေးကိစ္စအလုံးစုံ၏စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်ကား (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူသော) အလ္လာဟ်အရှင်မြတ် (၏အမိန့်ပညတ်ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန်) အတွက်သာ ဖြစ်၏။ ကျွန်ုပ်သည် အရေးကိစ္စဟူသမျှအတွက်) ထိုအရှင်မြတ်အပေါ်သာ ယုံကြည်ကိုးစား၍ အပ်နှံထားပြီး ဖြစ်သည့်အလျောက် ယုံကြည်ကိုးစား၍ အပ်နှံလိုသူများ (အားလုံး) လည်း ထိုအရှင်မြတ်အပေါ်၌သာလျှင် (ဖြူစင်စွာဖြင့်) ယုံကြည် ကိုးစား၍ အပ်နှံထိုက်ပေ၏။