Verse 68 — Surah Yusuf 12:68

သူတို့သည် သူတို့၏ဖခမည်းတော်က အကြံပေးမှာကြားခဲ့သည့်အတိုင်း (မြို့၏တံခါးပေါက်အသီးသီး တည် ရှိရာ) နေရာအသွယ်သွယ်မှ ဝင်ရောက်ခဲ့ကြစဉ် (ထိုအကြံပေးချက်သည် တမန်တော်) ယအ်ကူဗ်က သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၌ (လိုအပ်ချက်တစ်ခုအဖြစ် ယင်းကို) လိုအပ်သလို စီစဉ်ဆုံးဖြတ်ခဲ့ခြင်းမှအပ (အခြား) မည်သည့်အရာကိုမျှ အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်) နှင့်ဆန့်ကျင်၍ သူတို့အတွက် အကျိုးပြု ဖြည့်ဆည်းစေခြင်း မရှိချေ။ မုချဧကန်၊ ငါအရှင်မြတ်သည်ပင် သူ့ကို (ယင်းနှင့်ပတ်သက်၍) ပညာသင်ကြား ပို့ချတော်မူသောကြောင့် သူသည် (ထိုသို့သော အကြံဉာဏ်များအတွက် တွေးတောဆင်ခြင်နိုင်သည့်) အသိပညာများကို ပိုင်ဆိုင်သော ပညာရှင်တစ်ဦး ဖြစ်လာသော်လည်း လူသားအများစုမှာမူ (ဆင်ခြင်တုံတရားကို မသုံးကြ သောကြောင့်) မသိနားမလည်ကြချေ။