Verse 70 — Surah Yusuf 12:70

သူသည် သူတို့အတွက် စီစဉ်ထားသော စားနပ်ရိက္ခာအထောက်အပံ့များကို သူတို့အား ပေးအပ်ထောက်ပံ့ခဲ့စဉ် သောက်ရေခွက်ကို သူ့ညီ၏အိတ်ထဲ၌ ထားရှိစေ၏။ ထို့နောက် ကြေညာသူ (သံတော်ဆင့်) တစ်ဦးက ''အို၊ ခရီးသည်တို့၊ ဧကန်မလွဲ၊ အသင်တို့သည် ခိုးသားများပင် ဖြစ်ကြကုန်၏။'' ဟု ကြေညာခဲ့၏။