Verse 75 — Surah Yusuf 12:75

သူတို့က “မည်သူမဆို (ထိုခွက်ကို) သူ့အိတ်ထဲ၌ ဝှက်ထားကြောင်း ရှာတွေ့ခဲ့လျှင် ထိုသူသည် ယင်းအတွက် (အရေးယူခံရ၍) အလျှော်အစားပေးရမည့်သူ ဖြစ်၍ ထိုသူသည်သာ ယင်း၏အလျှော်အစားအတွက် တာဝန်ရှိသည်။” ဟု ပြောဆိုခဲ့ကြ၏။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုကျင့်သူတို့အား (လုပ်ရပ်တိုင်း၏ပေးဆပ်မှုကို အစား ပေးစေတော်မူ၏။)