Verse 76 — Surah Yusuf 12:76

(ထိုသို့ဖြင့် သူတို့ကို တမန်တော်ယူစုဖ်၏ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့ရာ) သူက သူ့ညီ၏အိတ် (ကို ရှာဖွေခြင်းမပြုမီ ယင်း) ထက် ဦးစွာပထမ (ညီနောင်များဖြစ်ကြသော) သူတို့၏အိတ်များကို စတင်ရှာဖွေခဲ့၏၊ ထို့နောက် သူ့ညီ၏အိတ်ကိုရှာဖွေ၍ ယင်းမှ ထိုခွက်ကို ဖော်ထုတ်ခဲ့လေ၏။ ထိုနည်းအတိုင်းပင် ငါအရှင်မြတ် သည် (တမန်တော်) ယူစုဖ်အတွက် (လိုအပ်သည့် အစီအမံများကို စနစ်တကျ) ကြိုတင်စီစဉ်စေတော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ (အီဂျစ်) ဘုရင်၏အုပ်ချုပ်ရေးစနစ်အောက်တွင် သူ့ညီကို အလျှင်း ထိန်းသိမ်းထားနိုင်ခဲ့မည် မဟုတ်ပေ။ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား အဆင့်အတန်းနှင့်အခွင့်အရေးများဖြင့် တိုးတက်စေတော်မူ၏။ ပညာအရည်အချင်းများပိုင်ဆိုင်ထား ပညာရှင်တိုင်း၏ထက်ဝယ်တွင် ပိုမို၍ သိနားလည် သူတစ်ဦး ရှိစမြဲဖြစ် (ပြီး အရှင်မြတ်သည် ပညာရှင်အားလုံး၏ဉာဏ်ရည်ဉာဏ်သွေးကို ဖွံ့ဖြိုးတိုးတက်စေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ) ၏။