Verse 77 — Surah Yusuf 12:77

ညီနောင်တို့က “အကယ်၍ ညီငယ်က ခိုးဝှက်ခဲ့သော် ယခင်က သူ့အစ်ကိုလည်း ခိုးဝှက်ခဲ့ပြီး ဖြစ်မည်။” (ဟု မှတ်ချက်ပေးပြောခဲ့၏။) သို့သော် (တမန်တော်) ယူစုဖ်သည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ထဲ၌ (အကြောင်းစုံကို သိနေပါလျက်) ထိုကိစ္စကို ညီနောင်တို့အား ထုတ်မပြောဘဲ လျှို့ဝှက်ချက်ကို မျိုသိပ်ထားလျက် “သင်တို့၏အနေအထားနှင့်အခြေအနေသည် ပိုမို၍ပင် ဆိုးဝါးလှ၏။ စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ (စွပ်စွဲ) ပြောဆိုသမျှနှင့်စပ်လျဉ်း၍ (အသေးစိတ်အချက် အလက်များနှင့်အမှန်တရားကို) အသိဆုံးပင် ဖြစ်တော်မူ၏။” ဟု ပြောဆိုခဲ့၏။