Verse 78 — Surah Yusuf 12:78

သူတို့က ''အို၊ မင်းကြီး၊ ဧကန်ပင်၊ ထိုညီငယ်၌ အိုမင်းရင့်ရော်သော ဖခင်အိုတစ်ဦး ရှိပါ၏။ သို့ဖြစ်ပေရာ၊ သူ၏နေရာ၌ ကျွန်ုပ်တို့အနက်မှ တစ်ဦးဦးကို အစားတိုး၍ အရေးယူပါလော့။ မုချဧကန်၊ ကျွန်ုပ်တို့သည် အသင့်အား မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံသူ) များအနက်မှ အပါ အဝင် ဖြစ် ကြောင်း တွေ့မြင်ကြ၏။” ဟု အသနားခံ လျှောက်ထားခဲ့ကြ၏။