Verse 8 — Surah Yusuf 12:8

သူ့နောင်တော်များက (တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တစ်ဦးကိုတစ်ဦး) “တမန်တော်ယူစုဖ်နှင့်သူ့ညီတို့ (သည် မိထွေး၏သားများဖြစ်ကြ၍သူတို့) အား အမှန်ပင် ကျွန်ုပ်တို့ ညီနောင်အုပ်စုထက် ပိုမို၍ မျက် နှာသာပေးလျက် ချစ်ခြင်းမေတ္တာထားခြင်းဖြင့် ကျွန်ုပ်တို့၏ခမည်းတော်သည် ဧကန်ပင်၊ သိသာထင်ရှားသော လွဲမှားမှု၌ ရှိ နေ၏။"" ဟုပြောဆိုခဲ့ကြစဉ်။