Verse 80 — Surah Yusuf 12:80

သူတို့သည် တမန်တော်ယူစုဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့၍ အသနားခံမှုကို လက်လျော့ကြသောအခါ ညီငယ်၏ကယ်ဆယ်ရေးအတွက် သူတို့အချင်းချင်းကြားတွင် ဆွေးနွေးတိုင်ပင်နိုင်ရန် သူ့ထံမှ တစ်သီးတစ်ခြား ဖြစ်လျက် နေရာပြောင်းခဲ့၏။ (ထိုနောက် သူတို့အနက်မှ အစ်ကိုအကြီးဆုံးက သင်တို့၏ဖခင်သည် သင်တို့ထံမှ (ညီငယ်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး (အခိုင်အမာ) ကတိ ဝန်ခံချက် ရယူခဲ့ပြီး ဖြစ်ကြောင်းနှင့်ယခင်ကလည်း တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တာဝန်မကျေပွန်သည့်အပြင် တရားလွန်ကဲမှုပါ ရှိခဲ့ကြကြောင်းကို သင်တို့ သိကြသည် မဟုတ်လော။ သို့ဖြစ်ပေရာ၊ ကျွန်ုပ်တို့၏ဖခင်သည် ကျွန်ုပ်အတွက် ခွင့်ပြုချက်မပေးသမျှ ကာလပတ်လုံး သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏ဘဝကို အဆုံးသတ်စေတော်မူခြင်းဖြင့် ကျွန်ုပ်အတွက် အဆုံးအဖြတ် မပေးမချင်း ကျွန်ုပ်သည် ညီလေးကို မခေါ်ဆောင်နိုင်လျှင် ဤတိုင်း ပြည်မှ အလျှင်း ထွက်ခွာမည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် စီရင်ဆုံးဖြတ်မှုနှင့်စီရင်ဆုံးဖြတ်သူ အားလုံးထက် အကောင်းမြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။ ဟု ပြောခဲ့ကြ၏။