Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 12 - Yusuf
Translation by Alin U Yin — Permalink
Verse 83 — Surah Yusuf 12:83
သူတို့သည် ဖခမည်းတော်ထံသို့ ပြန်သွားခဲ့ပြီး ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဖခင်အားရှင်း ပြခဲ့ရာ တမန်တော်ယအ်ကူဗ်က အမှန်စင်စစ်မူကား သင်တို့သည် သင်တို့ အလိုရှိသည့် ရည်မှန်းချက်အတွက် သင်တို့ ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအား မည်သည်ကို အမိန့်ပေး ညွှန်ကြားထားကြောင်း သင်တို့ကိုယ် သင်တို့ မေးမြန်းကြလော့။ (ကျွန်ုပ် အားကိုးအားထားပြုရမည်မှာ ညည်း ညူမှု ကင်းမဲ့စွာဖြင့် စိတ်နှလုံးကြံ့ခိုင်စေမည့် လှပတင်းတိမ်သော) မွန်မြတ်သည့်သည်းခံမှုပင် ဖြစ်၏။။ အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးတို့ကို ကျွန်ုပ်ထံသို့ တစ်ပြိုင်တည်း ရောက်စေတော်မူရန် ဆန္ဒတော် ရှိထန်ရာ၏။ “ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်နေမူသောအရှင်၊ ကိစ္စအဝဝကို စီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့် စုံတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့၏။