Verse 88 — Surah Yusuf 12:88

သူတို့သည် အီဂျစ်သို့ ရောက်သွားကြ၍ (ခန်းမထဲတွင်ရှိနေသော တမန်တော်) ယူစုဖ်ထံသို့ ဝင်ရောက် ခစားစဉ် “အို၊ မင်းကြီး၊ ဘေးဒုက္ခအခက်အခဲသည် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏မိသားစုများထံ လာရောက်ထိတွေ့ ခဲ့ပြီး ကျွန်ုပ်တို့အား မဖြစ်စလောက်သာ တန်ဖိုးရှိသော ကုန်စည်ပမာဏာ အနည်းငယ်နှင့်အတူ စားနပ်ရိက္ခာဖြင့် ဖလှယ်ခွင့်ရရန် အသင့်ထံ ရောက်စေ၏။ ထိုသို့ မလောက်မငှသာ တတ်စွမ်းသလောက်ယူ လာခြင်း ဖြစ်သော် လည်း ကျွန်ုပ်တို့အား စားနပ်ရိက္ခာကို အပြည့်အဝ ပေးပြီးသည့်အပြင် နောက်ထပ် အပိုအဖြစ်လည်း ဖြည့်စွက် ပေးခြင်းဖြင့် ကျွန်ုပ်တို့အပေါ် ငဲ့ညှာပါလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သနားညှာတာစိတ်ဖြင့် ငဲ့ညှာ သောအားဖြင့် စွန့်လှူပေးကမ်းသူတို့အား အကျိုးဆုလဒ် ပေးတော်မူ၏။” ဟု လျှောက်ထားကြ၏။