Verse 90 — Surah Yusuf 12:90

သူတို့က “အသင်သည်ပင် အမှန်စင်စစ်၊ တမန်တော်ယူစုဖ်ဖြစ်သည် မဟုတ်လော။” ဟု မေးမြန်းကြပြန် ရာ တမန်တော်ယူစုဖ်က “ကျွန်ုပ်သည် ယူစုဖ်ဖြစ်ပြီး ဤပုဂ္ဂိုလ်မှာ ကျွန်ုပ်၏ညီပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်ဝယ် အရှင့်ကျေးဇူးပြုတော်ဖြင့် အခွင့်အရေးများပေးတော်မူ၍ ထောက်ခံတော်မူခဲ့ပြီ။ မည်သူမဆို အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးပြီး (ထိုသို့လိုက်နာကျင့် ကြံရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် ဒုက္ခအခက်အခဲများကိုလည်း ဇွဲ၊ လုံ့လ၊ ဝိရိယ ဖြင့်မြဲမြံစွာ) ခန္တီသည်းခံကြ လျှင် ထိုသူသည် ဧကန်မုချ၊ မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) ပင်ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စန်တို့ ၏အကျိုးဆုလဒ်များကို အလျှင်း အချည်းနှီး ဖြစ်စေတော် မမူချေ။” ဟုပြောကြားခဲ့လေ၏။