Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 13 - Ar-Rad
Translation by Alin U Yin — Permalink
Verse 30 — Surah Ar-Rad 13:30
ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တမန်တော်အား ယခင်လွန်လေပြီးသော လူမျိုးများ၏မျိုး ဆက်များမှ ပေါက်ဖွားလာသည့် လူ့အသိုင်းအဝိုင်း၌ပင် ကြီးပြင်းစေ၍ တမန်တော်အဖြစ် ရွေးချယ်ခန့်အပ်တော်မူလျှက် အသင့်ထံ ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချသမျှအား သူတို့ရှေ့ဝယ် ဖတ်ကြားဟောကြားစေရန်အလို့ငှာ သူတို့ထံသို့ စေလွှတ်မူသော်လည်း သူတို့သည် အရှင့်ကရုဏာတော်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်စပ်လျဉ်း၍ မယုံကြည်သွေဖည်ငြင်းဆန်နေကြ၏။ သူတို့အား ကျွန်ုပ်ယုံကြည်ကိုးကွယ်နေသော ထိုအရှင်မြတ် သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ အခြား ပူဇော်ပသ ရှိခိုးကန်တော့ ဆည်းကပ်ကိုးကွယ်ထိုက်သော အရှင်ဟူ၍ အလျှင်း မရှိပေ။ ကျွန်ုပ်သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ ယုံပုံအပ်နှံပြီး ထိုအရှင်မြတ်ထံသို့ပင် ပြန်လည်ရောက်ရှိရမည် ဖြစ်၏။” ဟု ဟောပြောလော့။