Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 1 — Surah Ibrahim 14:1
အလစ်ဖ်၊ လမ်၊ ရာ။ ဤကျမ်းတော်မြတ် (ကုရ်အာန်) သည် လူသားတို့အား စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့်နာမ်ရေရာ မှားယွင်းသော အတွေးအခေါ်အယူအဆများဖြစ်သည့် အမှောင်ထုမှ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ခွင့်ပြုချက်အမိန့်တော်ဖြင့် အလင်းသို့ ထုတ်ယူကယ်တင်ရန် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ချီးမွမ်းထိုက်မှုနှင့်ကျေးဇူးတင်ထိုက်မှုဆိုင်ရာ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသည့် အနှိုင်းမဲ့ အရှင်မြတ်၏လမ်းစဉ်တော်အတိုင်း လမ်းညွှန်တော်မူရန် ထိုအရှင်မြတ်က အသင်တမန်တော်ထံ ချမှတ်ပေးအပ်တော်မူသောကျမ်း ဖြစ်၏။