Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 10 — Surah Ibrahim 14:10

သူတို့၏ရစူလ်တမန်တော်များက (သူတို့အား) မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏မူလဇာစ်မြစ်ကို စတင် ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မည်သို့ ဒွိဟသံသယ ရှိနိုင်မည်နည်း။ ထိုအရှင်မြတ်သည် သင်တို့အား ပြစ်မှုကျူးလွန်ခြင်းများကို ရပ်တန့်စေ၍ အမြင်မှန်ရစေတော်မူလျှက် ပြစ်ဒဏ်ပေးခံရခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူရန်နှင့် သတ်မှတ်ထားတော်မူသည့် အချိန်ကာလအထိ အရေးယူမှုကို ခေတ္တရွှေ့ဆိုင်းခြင်းခံကြရန်အတွက်သာ ဖိတ်ခေါ်တော်မူလေ၏။” ဟု ပြောဆိုဖြေကြားခဲ့ရာ သူတို့က (ရစူလ်တမန်တော်များအား “အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားမျှသာ ဖြစ်ကြပြီး ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ကိုးကွယ်ခဲ့ကြသော ကိုးကွယ်ရာများလျက်မှ ပိတ်ပင်တားဆီးရန် ကြံရွယ်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်တို့ထံ ထင်ရှားသော တန်ခိုးအာဏာ သက်သေအထောက်းအထားကို ယူဆောင်ကြလော့။” ဟု စောဒတက်ပြောခဲ့ကြ၏။)