Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 11 — Surah Ibrahim 14:11
သူတို့ထံ စေလွှတ်တော်မူခြင်းခံကြရသော ရစူလ်တမန်တော်များက “ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင်တို့ ကဲ့သို့ပင် သေမျိုးဖြစ်သော လူသားများသာ ဖြစ်ကြသော်လည်း အလ္လာဟ်အရှင်မြတ်သည် အရှင့်အ စေခံလူသားများအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအပေါ်၌ ဂုဏ်သိက္ခာ၊ တမန်တော် ရာထူးနှင့်အရှင့်ဘက်သို့ဖိတ်ခေါ်ရန် တာဝန်ပေးအပ်ခြင်းဖြင့် ကျေးဇူးပြုတော်မူ၏။ အမှန်စင်စစ်၊ ကျွန်ုပ်တို့၌ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်ဖြင့်မှအပ သင်တို့ထံ တန်ခိုးသက်သေတစ်စုံတစ်ခုကို ယူဆောင်လာကြရန် အခွင့်အာဏာ မရှိပေ။ သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်သူတို့ သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ ယုံပုံအပ်ကြရာ၏။