Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 13 — Surah Ibrahim 14:13

ထို့ပြင် မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့က သူတိုထံ စေလွှတ်တော်မူခဲ့သောရစူလ်တမန်တော်များအား “ဧကန်မုချ၊ ကျွန်ုပ်တို့သည် သင်တို့ကို ကျွန်ုပ်တို့၏နယ်မြေဒေသမှ ပြည်နှင်ဒဏ်ပေး၍ အမှန်ပင်၊ နှင်ထုတ်ရလိမ့်မည်။ သို့တည်းမဟုတ် သင်တို့သည် ကျွန်ုပ်တို့၏ဖိရိုးဖလာ ကိုးကွယ်မှုဖြစ်သော သာ သနာ့ဘောင်ထဲသို့ မုချ ပြန်ဝင်ကြရလိမ့်မည်။” ဟု ပြောဆို (ခြိမ်းခြောက်) ခဲ့လေ၏။ သို့ဖြစ်ပေရာ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် “အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသူတို့အား အသေအ ချာပင် ပျက်စီးတိမ်ကောစေတော်မူမည်။” ဟု ထိုရစူလ်တမန်တော်များထံ ဝဟီအမိန့်တော်ထုတ် ပြန်ချမှတ်ပေးတော်မူ၏။