Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 18 — Surah Ibrahim 14:18
သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို မယုံကြည်သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့၏ပြုမူကျင့်ကြံမှုနှင့်ဆိုင်ရာ ဥပမာသည်ကား လေမုန်တိုင်း သဲကြီးမဲကြီး ကျရောက်လာသည့်နေ့တွင် အလွန်သည်းထန်ပြင်းထန်စွာ တိုက်ခတ်သောလေနှင့်အတူ လွင့်စဉ်လိုက်ပါသွားသည့် ပြာနှင့်တူပြီး သူတို့ပြုကျင့်မှုဖြင့် ရှာဖွေစုဆောင်းခဲ့သမျှ အရာများအနက်မှ မည်သည့် အရာကိုမျှ (တမလွန်ဘဝအတွက် အကျိုးစေရန်နှင့်ပြစ်ဒဏ်မှ ကယ်ဆယ်နိုင်စေရန်) စိုးစဉ်းမျှ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ သူသည် ထိုသို့ပင် အမှန်တရားမှ အလှမ်းဝေးကွာလျှက် အစွန်အကျဆုံးဖြစ်သော လမ်းမှားသို့ ရောက်သွားကာ အမှန်ပင် ဆုံးရှုံးလိမ့်မည်။