Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 21 — Surah Ibrahim 14:21

အမှန်စင်စစ်၊ အရာခပ်သိမ်းတို့သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ဖွဲ့စည်းဖြစ်တည်လာ၍ အားလုံးသည် တမလွန်တရားစီရင်မည့်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်သို့ အရှင့်တ ရားစီရင်မှုကို ခံယူကြရန်အတွက် တစ်ပြိုင်တည်း ပေါ်ထွက်လာကြရမည်ဖြစ်၏။ ထိုစဉ် လောကီဘဝ၌ အားအင်ချည့်နဲ့ခဲ့ကြ သူတို့က မောက်မာပလွှား၍ ဖိနှိပ်ချုပ်ချယ်ခဲ့ကြသောသူတို့အား “ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အားနည်း ချို့တဲ့မှုကြောင့် သင်တို့၏နောက်လိုက်များ ဖြစ်ခဲ့ကြပေရာ (ယနေ့) သင်တို့က အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ် များအနက်မှ တစ်တစ်ရာကို ကျွန်ုပ်တို့ထံမှ လွှဲဖယ်တားဆီးစေသူများ ဖြစ်နိုင်ကြသလော။” ဟု မေးမြန်းကြသောအခါ သူတို့က “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏အလိုရမ္မက်များကို ဥပေက္ခာပြုထားတော်မူ လျှက် ကျွန်ုပ်တို့အား တရားလမ်းမှန်ကို ညွှန် ပြတော်မူခဲ့လျှင် သင်တို့ကိုလည်း တရားလမ်းညွှန်ပြနိုင်ခဲ့ကြမည် ဖြစ်၏။ ယခုမူကား သင်တို့နှင့်ကျွန်ုပ်တို့ အတူတူပင် ဖြစ်ကြပြီး ပြင်းထန်သောဝေဒနာကြောင့် တုန်လှုပ်လျှက် ငိုကြွေး ၍ ထုတ်ဖော်သည်ဖြစ်စေ၊ သည်းခံ၍ အောင့်ခံကြသည်ဖြစ်စေ၊ ကျွန်ုပ်တို့အတွက် ပြစ်ဒဏ်မှ လွတ်မြောက်စရာ နည်းလမ်း မရှိပေ။