Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 22 — Surah Ibrahim 14:22

ထို့ပြင် (လူသားက အရှင့်စည်းမျဉ်းတော်များကို လျစ်လျူရှူ၍ စိတ်အလိုဆန္ဒများနှင့်အညီ) စီမံချက်များ ကို စီရင်ဆုံးဖြတ်ပြီးခဲ့သောအခါ စေတန်မကောင်းဆိုးဝါးက ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တိုအား အရှင့်စည်းမျဉ်းတော်နှင့်အညီ ပြုမူကျင့်ကြံသူတို့အတွက် သုခဥယျဉ်ရှိကြောင်း ကတိပြုတော်မူခြင်းသည် အမှန် တရားသစ္စာပင်ဖြစ်ပြီး ကျွန်ုပ်က သင်တို့အား ကတိပြုခဲ့သော်လည်း ကတိအတိုင်းပြုနိုင်စွမ်းမရှိ၍ သင်တို့အား သစ္စာဖောက်လျှက် လှည့်စားခြင်းသာ ဖြစ်၏။ ကျွန်ုပ်သည် သင်တို့အား သင်တို့၏စိတ် အလိုရမ္မက်အတိုင်း လိုက်နာကြရန် ဖိတ်ခေါ်ခြင်းမှအပ ကျွန်ုပ်၌ သင်တို့အပေါ် ဩဇာလွှမ်းမိုးနိုင်သော မည်သည့် အခွင့်အာဏာမျှ မရှိသော်လည်း သင်တိုသည် ကျွန်ုပ်၏ဖိတ်ခေါ်မှုကို လက်ခံဖြေကြားခဲ့ကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် ကျွန်ုပ်အား အပြစ်မတင်ကြလေနှင့်။ သင်တို့၏စိတ်အလိုရမ္မက်အတိုင်း အသုံးချခဲ့သော သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကိုသာ ပြစ်တင်ကြလော့။ (ယနေ့) ကျွန်ုပ်သည် သင်တို့အကူအညီ အတွက် ဟစ်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ သင်တို့အား တုံ့ပြန်ကူညီနိုင်သူ မဟုတ်ပေ။ သင်တို့သည်လည်း ကျွန်ုပ်အား တုံ့ပြန်ကူညီနိုင်မည့် သူများ မဟုတ်ကြပေ။ ကျွန်ုပ်သည် လောကီဘဝ၌ သင်တို့က ကျွန်ုပ်အား (အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်း ယှဉ် ၍ နာခံကိုးကွယ်ခဲ့ကြသည်ကို ငြင်းပယ်ပါ၏။ ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် မုချပင် ရှိလေ၏။