Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 23 — Surah Ibrahim 14:23
ထို့ပြင် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော အကျင့်သီလများဖြင့် ပြုပြင်ကြသူ များသည် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသည့် သုခဥယျာဉ်များထဲသို့ ဝင်ခွင့်ရကြမည် ဖြစ်ပြီး သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် ထို သုခဥယျာဉ်များ၌ ထာဝစဉ်ကာလ အကန့်အသတ်မဲ့ နေထိုင်စံမြန်းကြလိမ့်မည်။ ထိုထဲတွင် သူတို့အား “ငြိမ်းချမ်းပါစေ။” ဟု မေတ္တာပို့ နှုတ်ခွန်းဆက်သမှုများလည်း ရှိလိမ့်မည်။