Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 24 — Surah Ibrahim 14:24

စင်ကြယ်ကောင်းမြတ်သောစကားတစ်ခွန်းသည် ယင်း၏ခိုင်မာသော အမြစ်များ မြေကြီး၌ မြဲမြံစွာ အမြစ်တွယ်လျှက် ယင်း၏အကိုင်းအခက်များသည် မိုးကောင်းကင်၌ပင် တည်ရှိနေသော လန်းဆန်းဖွံ့ဖြိုးသည့် အပင်တစ်ပင်ကဲ့သို့ပင်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က မည်သို့ စံနမူနာယူဖွယ်ကောင်းသော ဥပမာဖြင့် ခိုင်းနှိုင်းတော်မူသည်ကို အသင် မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။