Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 25 — Surah Ibrahim 14:25

ထိုသစ်ပင်သည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ရှင်သန်ကြီးထွားစေတော်မူသောအရှင်မြတ်၏ ခွင်ပြုချက်အမိန့်တော်နှင့်အညီ အချိန်တိုင်း ရာသီမရွေး အသီးများကို လှိုင်လှိုင်သီးစေတော်မူ၍ စားစရာများ ပေးကမ်းလျှက်ရှိနေကြောင်း သူတို့အလေးအနက် စဉ်းစားဆင်ခြင် ဆွေးနွေးတိုင်ပင်၍ သင်ခန်းစာများကို သတိရ တသ၍ တရားရနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် လူတို့အတွက် ဥပမာဖြင့် ခိုင်းနှိုင်းတော်မူ၏။