Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 3 — Surah Ibrahim 14:3

ခေတ္တယာယီသာဖြစ်သော မျက်မှောက်လောကီဘဝသက်တမ်းကို ကာလအကန့်အသတ်မဲ့ နေထိုင်ရမည့် တမလွန်ဘဝထက် သာပို၍ ဦးစားပေး မြတ်နိုးတွယ်တာကြပြီး (လူတို့အား) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ တားဆီးပိတ်ပင်နေကြရုံသာမက ထိုသို့ပိတ်ပင်တားဆီးနိုင်ရန်အတွက် ထိုကျမ်း​တော်မြတ်ကုရ်အာန်၌လည်း ကွေ့ကောက်မှုပေါ်လာရန် ကြံစည်ရှာဖွေနေကြသော ထိုသူတို့သည် အမှန်တရားမှ အလှမ်းဝေးကွာလျှက် အဆုံးစွန်စွာဖြင့် လမ်းမှား၌ ရှိနေကြ၏။