Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 31 — Surah Ibrahim 14:31

သက်ဝင်ယုံကြည်ကြသော ငါအရှင်မြတ်၏အစေခံများအား ထိုနေ့၌ မည်သည့်အပေးအယူနှင့်အရောင်း အဝယ်မျှ အသုံးဝင်မည်မဟုတ်သော မည်သည့်အပေါင်းအဖော်တို့၏ရင်းနှီးမှုမျှ အကျိုးပြုမည် မဟုတ်သော ထိုတမလွန်တရားစီရင်မည့်နေ့ရောက်မလာမီ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြရန်နှင့်ငါအရှင်ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓန၊ ဩဇာအာဏာနှင့်ဉာဏ် ပညာများမှ အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဆင်းရဲချို့တဲ့သူတို့အား တိတ်တဆိတ်ဖြစ်စေ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ ပေးကမ်း စွန့်လှူကြရန် ဟောပြောလော့။