Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 32 — Surah Ibrahim 14:32

အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူပြီး ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူခြင်းဖြင့် မြေကမ္ဘာမှ ကောက်ပဲသီနှံများ၊ သစ်သီးဝလံများစသော စားစရာ၊ သောက်စရာ ရိက္ခာအထောက်အပံ့များ သင်တို့အတွက် ပေါ်ထွက်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် ရွက်လှေသင်္ဘောစသော ရေကြောင်း သွာလာရေးဆိုင်ရာ ရေယာဉ်များကို အရှင့်အမိန့်တော်၊ နိယာမတရားဖြင့် ပင်လယ်သမုဒ္ဒရာ၌ ခုတ်မောင်း ၍ခရီးသွား နိုင်ရန်အလို့ငှာ၊ သင်တို့အသုံးပြုနိုင်သော အရာများဖြစ်စေတော်မူပြီး မြစ်ချောင်း၊ အင်းအိုင်များကိုလည်း သင်တို့အတွက် အသုံးဝင်သော အရာများအဖြစ် ဖြစ်စေတော်မူ၏။