Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 34 — Surah Ibrahim 14:34
ထိုပြင် ထိုအရှင်မြတ်သည် သင်တို့က ထိုအရှင်မြတ်ထံတော်မှ လိုလားတောင့်တနေသော လိုအပ်ချက် အလုံးစုံကိုလည်း သင်တို့အား ပေးအပ်တော်မူ၏။ အမှန်စင်စစ်၊ အကယ်၍ သင်တို့သည် အလ္လာဟ်အ ရှင်မြတ်၏ကျေးဇူးတော်များ (ဖြစ်သော မြေပေါ်မြေအောက်သယံဇာတများ၊ စွမ်းအင်များ၊ ဆွဲငင်ခြင်း၊ တွန်းကန်ခြင်း၊ အပူအအေး၊ စသော မျှတပြောင်းလဲမှုများ၊ ဉာဏ်ပညာစွမ်းရည် အသုံးဆောင်များ၊ ဂုဏ်သိက္ခာများနှင့်လမ်းညွှန်များ စသည်တို့) ကို ရေတွက်ကြသည်ရှိသော် ယင်းတို့ကို တွက်ချက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ဧကန်ပင်၊ လူသား သည် အလွန်ပင် စည်းမျဉ်းတော်များကို အလွန်ပင် ကျူးလွန်ဖောက်ဖျက်၍ မတော်မတရားမှုနှင့်မမှန်ကန်မှု များကို ပြုမူကျင့်ကြံလျှက် အရှင့်ကျေးဇူးတော်ကို မယုံကြည် ဖီဆန်ငြင်းပယ်ခြင်းဖြင့် အလွန်ပင် ကျေးဇူးကန်းသူများ ဖြစ်ကြပေ၏။