Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 35 — Surah Ibrahim 14:35
ထို့ပြင် (သတိရကြလော့။ တမန်တော်) အီဗ်ရာဟီမ်သည် (အရှင်မြတ်ထံ) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဤမြို့ဤဒေသ (မက္ကာ) ကို ဘေးကင်းလုံ ခြုံပြီး ငြိမ်းချမ်းသာယာသောနယ်မြေအဖြစ် ဖြစ်ပေါ်စေတော်မူပါ။ ထို့ပြင် ကျွန်ုပ်နှင့်ကျွန်ုပ်၏သားစဉ်မြေးဆက်များကို ရုပ်ပွားဆင်းတုများအား ယုံကြည်ကိုးကွယ်ခြင်းမှ ကင်းဝေးစေ၍ ကယ်တင်ထိန်းသိမ်းတော်မူပါ။” ဟု ဆုမွန်ပန်ကြားခဲ့စဉ်။